Local News

မကွေးကုန်စည်ဒိုင်တွင် တစ်ပါတ်အတွင်း နှမ်းနက်(စမုံ)၊ နှမ်းဖြူ၊ နှမ်းနီစျေးများမြင့်တက်လျှက်ရှိ

Last Updated:

မကွေးကုန်စည်ဒိုင်တွင် တစ်ပါတ်အတွင်း နှမ်းနက်(စမုံ)၊ နှမ်းဖြူ၊ နှမ်းနီစျေးများမြင့်တက်လျှက်ရှိ

မကွေးတိုင်းဒေသကြီး၊ မကွေးကုန်စည်ဒိုင်တွင် နှမ်းမျိုးစုံအရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။ တစ်ပတ်အတွင်းကာလတူ (၁၀.၈.၂၀၂၂) ရက်နေ့နှင့်နှိုင်းယှဉ်ပါက (၅.၈.၂၀၂၂)ရက်နေ့တွင် ဗဟိုဘဏ်မှသတ်မှတ်ပေးလိုက်သော ဒေါ်လာစျေးမြင့်တက်လာသည်နှင့်အညီ နှမ်းများလည်း တောင်သူများအကြိုက် စျေးများမြင့်တက်လျှက်ကြောင်း သိရှိရပါသည်။  နှမ်းနက်စမုံ(သစ်) (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်တစ်ပတ်တွင် (၂၅၁၀ဝဝ)ကျပ်စျေး၊ ယခုတစ်ပတ်(၂၇၀၀ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၁၉၀ဝဝ)ကျပ်၊ နှမ်းဖြူ(မကွေး)သစ် (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်တစ်ပတ်တွင် (၂၃၃၀ဝဝ)ကျပ်စျေး၊ ယနေ့(၂၄၃၀ဝဝ) ကျပ်စျေးဖြစ်သည့်အတွက် (၁၀၀ဝဝ)ကျပ်၊ နှမ်းနီ(၄၅)ပိဿာ(၁)အိတ်လျှင် ယခင်တစ်ပတ်တွင် (၂၁၂၀ဝဝ)ကျပ်စျေး၊ ယခုတစ်ပတ် (၂၃၁၀ဝဝ)ကျပ်စျေးဖြစ်သည့်အတွက် (၁၉၀ဝဝ)ကျပ်တို့  အသီးသီးမြင့်တက်ပြီး အရောင်းအဝယ်  ဖြစ်လျှက် ရှိကြောင်းသိရှိရပါသည်။

ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News